Monday, November 9, 2009

Junction Center


နေပြည်တော်မှာ Junction Center က နည်းနည်း နာမည်ကြီးနေတယ်။ ရန်ကုန်သူ ရန်ကုန်သားတွေ စုဝေးတဲ့ နေရာလို့လဲ ဆိုရမယ်။ ရန်ကုန်က ၀န်ထမ်းတွေ နေပြည်တော်ကို ပြောင်းရွှေ့လာကြရတော့ ရန်ကုန်က Shopping Center တွေကို လွမ်းနေကြမှာ မလွှဲပေါ့။

ဒီအချိန်မှာ Junction Center က ရန်ကုန် အလွမ်းပြေပေါ့။ ရန်ကုန် Shopping Center တွေမှာ လိုချင်တာကို တစ်နေရာထဲမှာ ရတော့ လူသက်သာပြီး စိတ်ချမ်းမြေ့ရတယ်။ ပိတ်ရက်ဆို လူကို တိုးနေရတယ်။ ဈေးဝယ်ကြ၊ ရုပ်ရှင်ကြည့်ကြနဲ့ လူကို ပြည့်နေတယ်။

ဒီတစ်ပတ် ပိတ်ရက်တနင်္ဂနွေနေ့မှာ နေပြည်တော် ရောက်တုန်း ရုပ်ရှင်ကြည့်ဖြစ်တယ်။ ကားက မာမီရှိန်းတဲ့။ အချစ်ဟာသ ဇာတ်မြူးလေး။ ရုပ်ရှင်ရုံက Mini လေးပါ။ အရာရာကို လေ့လာတတ်တော့ ခုံတွေကို ရေကြည့်မိတယ်။ တစ်တန်းမှာ (၁၈)ခုံ၊ (၁၂)တန်းဆိုတော့ ၂၁၆ ခုံရှိတယ်။ ဈေးနှုန်းတွေက ၁၀၀၀၊ ၁၅၀၀၊ ၂၀၀၀ တဲ့။ ခြားနားထားတဲ့ စည်းတွေတော့ မတွေ့ဘူး။ မိမိတို့ တက္ကသိုလ်ကျောင်းတွေမှာ သင်တဲ့ စာသင်ခန်းတွေလိုမျိုး။ အောက်ကနေ အပေါ်ကို မြင့်တက်သွားတယ်။ အမြင့်ဆုံးက ၂၀၀၀။

၁၅၀၀ တန်းက ကြည့်ဖြစ်တယ်။ မိမိတို့နောက်မှာ ခုံတန်းနှစ်တန်းပဲ ရှိတော့တယ်။ အဲဒါက ၂၀၀၀ တန်းတဲ့လေ။ ရုပ်ရှင်ရုံအနေအထားကို သေချာကြည့်မိတယ်။ အောက်က ကော်ဇော်အနီ ခင်းထားတယ်။ လူတွေက မုန့်တွေစားပြီး အမှိုက်တွေ ပစ်ချတယ်။ ကုန်ပါပြီ ကော်ဇော်တော့။ Standard ကတော့ ခပ်မြင့်မြင့်ပဲ။ ထိုင်ခုံတွေက ဆိုဖာအသေးစားတွေ။ ကြာကြာ ထိုင်ကြည့်တာ မညောင်းဘူး။ Air Con ကတော့ အေးပါတယ်။ ရုံက သေးတာကိုး။ :)

ရုပ်ရှင် စပြပါပြီ။ မာမီရှိန်း .... ရန်အောင်၊ နေတိုး၊ အိန္ဒြာကျော်ဇင်၊ သဉ္ဖာဝင့်ကျော် တို့ပါတယ်။ ဇာတ်ကားက တော်တော် ရယ်ရတယ်။ မကြည့်ရသေးရင် သွားကြည့်ကြလေ။ ကောင်းတယ်။ ညွှန်းလိုက်ပြီနော်။ :)

မောင်စေတနာ

Sunday, November 8, 2009

ဆိုင်ကယ်ပြိုင်မောင်းမယ်


ဆော့ချင်လို့ လိုက်ရှာနေတာ မရခဲ့ဘူး။ ဒါနဲ့ သူငယ်ချင်းတစ်ယောက် ဂိမ်းမျိုးစုံပါတဲ့ အခွေကို ၀ယ်လာတော့ အဲဒီအခွေထဲ ပါလာတယ်။ ဆိုင်ကယ် ပြိုင်မောင်းတဲ့ ဂိမ်းလေးပါ။ လမ်းသရဲတွေ ပြိုင်တာ။ ထိုးတာ ကြိတ်တာတောင် ပါသေး။

ရဲကလဲ လိုက်ဖမ်းတယ်။ ဆိုင်ကယ်က ပြိုင်ရတာ အစီး(၁၅)စီး။ ပထမ၊ ဒုတိယ၊ တတိယ ရမှ ပိုက်ဆံရတယ်။ အဲဒီက ရတဲ့ ပိုက်ဆံနဲ့မှ ဆိုင်ကယ်ကို ၀ယ်လို့ရတယ်။ ပြောတာ ကြာပါတယ်။ ဒီမှာသာ Download ပေတော့။

မောင်စေတနာ

လွှမ်းမိုးသူ


ဆောင်းနှင်းတွေက
ထူပိန်းစွာ ကျလာပြီ
အာရုံမှာ ပေါ်နေတဲ့
ငါ့ အလွမ်းတွေကို မဖုံးလွှမ်းနိုင်ဘူး။

နေရောင်ခြည်က
လင်းလက်စွာ ဖြာဆင်းလာပြီ
အာရုံမှာ ပေါ်နေတဲ့
မင်းပုံရိပ်လောက် မလင်းလက်နိုင်ဘူး။

ညနေဆည်းဆာက
လှပစွာ ပုံဖော်နေပြီ
အာရုံမှာ ပေါ်နေတဲ့
မင်းမျက်နှာလောက် မလှပနိုင်ဘူး။

ဘယ်အရာများက
လှပသာယာ ဖော်ဆောင်နေလဲ
ငါ့ လွမ်းဆွတ်စိတ်
မင်းပုံရိပ်နှင့် လှုပ်ရှားမှုက
အရာရာတိုင်းကို စိုးမိုးပါပြီ။


မောင်စေတနာ

Saturday, November 7, 2009

Photo Collage Software


ဒီရက်ပိုင်းအတွင်း ဓာတ်ပုံတွေ အလှဆင်တာပဲ ရှာနေမိတော့ အဲဒါတွေပဲ ဖော်ပြနေမိတယ်။ ဟီး .... အသုံးဝင်မှာပါ။ ဒီဆော့ဝဲလ်က အားလုံး ပြည့်စုံတယ် မဆိုရပေမယ့် အလကားရတာဆိုတော့ သုံးကြည့်မိတယ်။ မဆိုးဘူးလို့ ဆိုရမယ်။ အရုပ်ကလေးတွေပါတယ်။ Frame တွေပါတယ်။ Template တွေပါတယ်။

လျှောက်ကလိကြည့်တာ အပေါ်ပုံ ထွက်လာတယ်။ များများသုံးမှ ကျွမ်းကျင်မှာလေ။ မိမိကတော့ တစ်ပုံပဲ စမ်းရသေးတယ်။ ရရချင်း တင်ပေးလိုက်တယ်။ ဒေါင်းလုပ်ဆွဲရတာလဲ အဆင်ပြေမှာပါ။ ဒီမှာသာ Download ဆွဲပေတော့။ Keygen တော့ ထည့်ပေးထားတယ်။ ဖွင့်မရတဲ့သူတွေအတွက် Reg No: computer နဲ့ Reg Cod: D4E5-8CB5-F9F6-2291 ထည့်သုံးပေတော့။

မောင်စေတနာ

ဟုတ်သားပဲ

အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒန်းမြို့က ဈေးကြီးကြီး ဟိုတယ်တစ်ခုကို ရောက်ခိုက် ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေ ဂိုပါးလ်တို့ဟာ ဂျာဗာရိုးရာ ဂီတကို သာယာနာပျော်ဖွယ် တီးမှုတ်နေတဲ့ တီးဝိုင်းတစ်ခုရဲ့ ဖျော်ဖြေမှုကို ခံစားနေခဲ့ကြသည်။

တီးဝိုင်းအဖွဲ့သားတစ်ယောက် ပလွေမှုတ်နေတာကြည့်ပြီးတော့ ဂိုပါးလ်က

"သူက ပလွေအပေါက်တွေကို ဘာလို့ လက်နဲ့ ပိတ်ပိတ်ထားရတာလဲ " လို့ မေးလိုက်တယ်။ ကျွန်တော်က

" လေမထွက်အောင်လို့ပေါ့ကွာ " လို့ ဖြေလိုက်တယ်။ အဲဒီမှာ သူပြန်မေးလိုက်တာက

" ဒါဖြင့်ရင် ဒီအပေါက်တွေကို အစက ဘာလို့ ဖောက်ထားရတာတုံး " တဲ့။

Friday, November 6, 2009

သူ့အဖြေ

ဦးလေး။ ငါ့တူ မိဘတွေရဲ့ အရိပ်နဲ့ ချစ်သူအရိပ် ဘယ်ဟာက ပိုလုံခြုံမှုရှိသလဲ။

တူ။ မိဘရဲ့ အရိပ်ပေါ့ဗျာ။

ဦးလေး။ ဘာကြောင့် ပိုလုံခြုံရတာလဲ။

တူ။ ချစ်သူက တစ်ယောက်တည်းရယ်၊ မိဘက နှစ်ယောက်လေ။

Thursday, November 5, 2009

လေတံခွန်


ပစ်လွှတ်ချင်ခဲ့သော
ချစ်သ၀ဏ်လွှာ လေတံခွန်လေး
ကြာရှည်စွာ သိမ်းခဲ့ရ၏။

အချိန်ကျလို့ ပစ်လွှတ်လိုက်ရာ
မြတ်နိုးစွာ ချစ်ပါသည်
စာသားပါ လေတံခွန်လေး
ဝဲပျံကာ မင်းအနားဆီ။

မျက်တောင်မခတ်တမ်း
ငါ ကြည့်လို့နေပြီ
ဘယ်အချိန် ဖမ်းဆုပ်လေမလဲ
အချစ်လေတံခွန်ကို။

ယုံကြည်စွာ မင်းလက်ခံဖို့
အဝေးတစ်နေရာမှ
ငါ မျက်ဝန်းက မျက်တောင်မခတ်တမ်း
မင်း ပြန်ချစ်ဖို့အရေး ရင်မောစွာဖြင့်
မျှော်ကြည့်နေ၏။


မောင်စေတနာ

Window 7 တဲ့လား


မိမိစက်က Window XP SP3 ပါ။ သုံးနေရင်းနဲ့ အမည်မသိဗိုင်းရပ်စ် ကိုက်ခံလိုက်ရတယ်။ ၀င်းဒိုးဖွင့်လိုက်ရင် Desktop က ဖိုင်တွေ Icon တွေ မပေါ်တော့ဘူး။ စိတ်လေသွားတယ်။ မိမိကလဲ ဒီ Window ကို ဖြုတ်ချချင်နေတာ ကြာပြီ။ အခုတော့ Window အသစ် ပြန်တင်ရတော့မယ်ပေါ့။ တင်မယ့် တင် Window 7 ကို တင်ချင်မိတယ်။ အင်တာနက်က ရှာတော့လဲ လင့်တွေက အသေတွေများတယ်။ Microsoft က ဖျက်ခိုင်းတယ်ဆိုပဲ။

ဒါနဲ့ ဆိုင်မှာ သွားဝယ်လိုက်တယ်။ DVD တစ်ချပ်ပေါ့။ တစ်ထောင်ပဲ ပေးရတယ်။ ပြီးတာပဲ။ အလုပ်ရှုပ်လဲ သက်သာတယ်။ ရောက်ရောက်ချင် Window တင်တယ်။ အရင် အဟောင်းကို မဖြတ်မိတော့ Over ဖြစ်ပြီး ပိုလေးသွားတယ်။ Drive C: ကို ကြည့်လိုက်တော့ ပြည့်နေတယ်။ အမ် . . . တစ်ခုခုတော့ မှားမှန်းသိလိုက်တယ်။

ဒါနဲ့ အသစ်ပြန်တင်တယ်။ Window XP တင်နည်းနဲ့ ကွာတယ်။ ဒါနဲ့ Format ချဖို့တွေဘာတွေက သူက ဖုံးထားတယ်။ ဖော်ကြည့်မှရတာ။ ကွန်ပျူတာ ကိုင်လာတာ ကြာပီဆိုတော့ ဘာလာလာ အိုကေနေတယ်။ နည်းလမ်းတွေကို ကောင်းကောင်း ကိုင်တွယ်တတ်နေပြီလေ။ (ဟီး ကြွားတာ)

Window 7 တင်တာ မြန်လိုက်တဲ့ ဖြစ်ချင်။ အယ် ... မိမိစက်က Intel (R) Core(TM)2 Duo CPU 2.8GHz 2.79 GHz , 1,00 GB, 32 bit Operation System , 160 HD ပါ။ Window 7 ကို ကောင်းကောင်းနိုင်တယ် ဆိုရမယ်။ Window က ခဏပဲ တင်ရတယ်။ မြန်လိုက်တာ။ ဒီတစ်ချက်နဲ့တင် ကျေနပ်နေပြီ။

Desktop ပေါ်ရောက်ပြီ။ မြင်ကွင်းက Vista အတိုင်း။ ဒါပေမယ့် ပေါ့ပါးနေတယ်။ ကြိုက်ပြန်ပြီ တစ်ချက်။ ဟိုလုပ် ဒီလုပ်ပေါ့။ စမ်းတယ်။ စက်ပိတ်ကြည့်တယ်။ မြန်တယ်။ Good ။ ပြန်ဖွင့်တယ်။ မြန်တယ် Good ။ အယ် ပြဿနာက စပြီ။ မိမိမှာ ရှိတဲ့ ပရင့်တာက Canon Laser Shot LBP 1120 ။ သူက Window XP ထိပဲ လက်ခံတယ်။

စိတ်လေသွားတယ်။ ဘာလုပ်ရင် ကောင်းမလဲပေါ့။ ဒါနဲ့ Network ချိန်ထားတဲ့ ကွန်ပျူတာတွေက XP SP3 တွေ ။ Network လှမ်းခေါ်လိုက်တယ်။ ပြီးတော့ Printer ကို Connect လုပ်လိုက်တော့ ထုတ်လို့ရသွားတယ်။ ဟူး .. သက်ပြင်းချမိတယ်။ တော်သေးတယ်။

ဘာပဲပြောပြော Window 7 လေးနဲ့ အဆင်ပြေနေတာတော့ အမှန်ပဲ။ ထူးခြားတဲ့ မြင်ကွင်းတွေနဲ့ လှပတဲ့ ဒီဇိုင်းတွေကို မြင်တွေ့ ခံစားရင်း ... . .. .


မောင်စေတနာ

Sunday, November 1, 2009

Driver Scanner


မိမိတို့ရဲ့ စက်တွေမှာ တင်ထားတဲ့ Driver တွေ Update လုပ်ဖို့ ကောင်းတဲ့လို့ ဖော်ညွှန်းထားတဲ့ Driver Scanner ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဆော့ဝဲလ်လေး မိမိတို့ စက်တွေရဲ့ Driver တွေ Update လုပ်ဖို့ လိုအပ်တာတွေကို Information ပေးမှာ ဖြစ်ပါတယ်။

အယ် ... အင်တာနက်ချိတ်ဆက်ထားဖို့တော့ လိုပါတယ်။ ဒါမှ အင်တာနက်က တိုက်ရိုက်ဆွဲပြီး Update လုပ်ပေးမှာ ဖြစ်ပါတယ်။ မိမိကတော့ မသုံးပါဘူး။ သုံးချင်သူများအတွက် ဖော်ပြပေးခြင်းပါ။ စိတ်ဝင်စားရင်ဖြင့် Download လုပ်ယူပါ။


မောင်စေတနာ

Saturday, October 31, 2009

မာမာအေးသီချင်းများ


မာမာအေး ပေါ်တုန်းက မိမိပင် မမွေးသေးပါဘူး။ မာမာအေး သီချင်းနှင့် အသံကို စွဲလမ်းနှစ်သက်ခဲ့တာတော့ ၂၀၀၆ ခုနှစ် မေလလောက်က ဖြစ်နိုင်ပါတယ်။ နားထောင်ပါ များတော့ တော်တော်ကို နှစ်သက်လာပါတယ်။ အဆွဲအငင် အဖြတ်အတောက် သေသပ် ပိုင်နိုင်မှုကို လေးစားမိပါတယ်။ နားထောင်ပြီးရင် နားထောင်ချင်အောင် စွဲဆောင်မှု အပြည့်ရှိပါတယ်။ အသံနေ အသံထားက။ စိတ်ဝင်စားသူများ ဒေါင်းယူနိုင်ပါပြီ။ ရှားပါးပြီး ရှာရခက်တဲ့ သီချင်းတွေဆိုတာတော့ ပြောလိုပါတယ်။



မောင်စေတနာ

(၂)နှစ်ပြည့်ပြီ

ဘာလိုလိုနဲ့ နှစ်နှစ်ပြည့်ခဲ့ပြီ။ ဘလော့ကို ကွန်နက်ရှင် ကောင်းတဲ့အခါ စိတ်ဓာတ်တက်ကြွစွာ ရေးလိုက်၊ ကွန်နက်ရှင် ကျတဲ့အခါ စိတ်ပျက်စွာ နားလိုက်နဲ့ အခုတော့ နှစ်နှစ်တောင် ပြည့်ခဲ့ပြီ။ ဘလော့ကို ပြန်သုံးသပ်ကြည့်မိတယ်။ ဘာတွေများ စာဖတ်သူတွေအတွက် အကျိုးပြုနိုင်သလဲ။

နည်းပါ့။ ဆော့ဝဲလ်တွေက အသေးစားလေးတွေ။ မိမိသုံးမိတော့ ကြိုက်ရင် တင်မိတဲ့ အရာလေးတွေ။ စာပေတွေက ခံစားချက် ပေါ်တိုင်း ရေးတာတွေ။ နည်းလမ်းတွေက အကင်းလေးတွေ။ ကဗျာတွေက ကဗျာမပီ စာမမြည်လေးတွေ။ အင်း ကောင်းတာ တစ်ခုမှ မပါပါလား။

မှတ်ချက်တွေ ပြန်စစ်ကြည့်တယ်။ ပို့စ်ပေါင်း(၄၂၅)မှာ မှတ်ချက်က ငါးဆယ်ပင် မပြည့်။ စာဖတ်သူစာရင်းကို ကြည့်မိ၏။ တစ်နေ့ကို ခန့်မှန်းခြေ နှစ်ရာနီးပါး လာရောက် ဖတ်ရှုကြ၏။ Cbox တွင် လာလည်တယ်လို့ ပြောသလို မှတ်သွားတယ်၊ ကျေးဇူးတင်တယ်၊ နောက် စာတွေမရေးနဲ့၊ မင်းက ဘာကောင်လဲ စသဖြင့် ရေးသွားကြတယ်။ လူအမျိုးမျိုး၏ Feedback များ။

ဘာပဲပြောပြော ရေးသားလာခဲ့တာ (၂)နှစ်တော့ ပြည့်ခဲ့ပြီ။ အကြောင်းအမျိုးမျိုးကြောင့် ဘယ်အချိန် ရပ်တန့်မလဲဆိုတာ မသိနိုင်ပါ။ အမြဲတမ်းတည်တံ့ဖို့ဆိုတာ ပြောရခက်တဲ့ လောကကြီးမို့ မိမိအနေဖြင့် ကြိုးစား၍ အပေါစာ စာပေများ ဆက်လက်ရေးသားနိုင်ရန် စိတ်ကူးရင်း . . . . .


မောင်စေတနာ

Dive Letter ကို ပြောင်းလဲခြင်း

drive letter ကို ပြောင်းလဲဖို့ လွယ်ကူပါတယ်။ Window XP မှာပေါ့။ တစ်ချို့က Window တင်ရင်နဲ့ မှားခဲ့တဲ့ အမှားလေးပါ။ C: D: E: တို့ စသည်တို့ကို အမည်ပြောင်းလဲချင်တယ်ဆို အောက်ကအတိုင်း လုပ်ရင် အဆင်ပြေမှာပါ။

၁) My Computer ကို Right Click လုပ်ပြီး Manage ကို ရွေးပါ။
၂) Computer Management အောက်က Disk Management ကို ဖွင့်ပါ။
၃) မိမိပြောင်းချင်တဲ့ Disk ကို Right Click လုပ်ပြီး Change Drive Letter and Paths ကို ရွေးပါ။ အောက်က ပုံကို ကြည့်ပါ။


၎) Box ကျလာပါက Change ကို Click ပါ။ Box တစ်ခု ထပ်ကျလာလိမ့်မယ်။ အောက်က ပုံကို ကြည့်ပါ။


၅) Assign the following drive letter ဘေးတွင် မိမိရွေးချင်သည့် Disk Letter ကို ရွေးနိုင်သည်။
၆) OK ။

မှတ်ချက်။ ဒီနည်းလမ်းက System ဖြစ်တဲ့ C: Local Disk ကိုတော့ ပြောင်းလဲလို့ ရမှာ မဟုတ်ပါဘူး။ အဆင်ပြေပါစေ။


မောင်စေတနာ